လူတိုင်းမှာ အကြောင်း အမျိုးမျိုးနဲ့
(Feeling ) စိတ်ခံစားချက်ကိုယ်စီ ရှိတက်ကြတယ်
တချို့ခံစားမှုတွေက ပြောပြပြီး
ဖြေဖျောက်လိုက်လို့ ရသလို
တချို့ခံစားချက်တွေက ဘယ်သူ့မှ ပြောပြလို့မရဘဲ
ကိုယ့်ဘာသာ တိတ်တိတ်လေး
ကြိတ်ခံစားနေရတာတွေရှိတယ်။
တချို့ခံစားချက်တွေက ပြောပြလိုက်ရင် ကိုယ့်အားနည်းချက်ကို လူသိတယ်။
စိတ်ခံစားချက်တွေ ဖွင့်ဟပြောပြဖို့ဆိုတာ
အချိန် လိုတယ်…။
ဘာပဲဖြစ်ဖြစ်ပါ
စိတ်ခံစားချက်တွေနဲ့ လောင်မြိုက်မနေပါနဲ့
စိတ်ထဲရှိတဲ့ အတိုင်း အရိုးသားဆုံးလုပ်ပါ။
ကိုယ့်စိတ်က လက်မခံနိုင်ပေမယ့်လည်း
နှလုံးသား အလိုရ
ဦးနှောက်က လက်ခံနိုင်အောင် ကြိုးစားကြည့်ပါ။
တချို့အရာတွေက ဦးနှောက်နဲ့ ဆုံးဖြတ်ရသလို
တချို့ကိစ္စတွေက စိတ်ခံစားမှုအရ နှလုံးသားနဲ့ ဆုံးဖြတ်ရပါတယ်။
လူဆိုတာ စိတ်က အဓိက မို့
ဘာပဲလုပ်လုပ် ဘာကိစ္စဖြစ်ဖြစ်
ဦးနှောက်ရဲ့ စေခိုင်းချက် နဲ့
နှလုံးသားရဲ့ အလိုအကျ စိတ်ခံစားမှုအရ
ဘယ်အရာ မဆို "နှလုံးသား နဲ့ ဆုံးဖြတ်ပါ" ။
" ပျော်ရွှင်မှု အစစ်အမှန်ကို သင် ရမှာပါ နော် "
👏👏👏👏👏👏👏👏👏👏👏👏👏👏👏
အမြဲ ဂရုစိုက်ပေးနေတဲ့ /
Lady Moh

Post a Comment