" မိန်းမသားအများစုဟာ
နေ့စဥ်လူမှုဘဝ နဲ့
အိမ်မှုကိစ္စအဝဝ
အဆိုးအကောင်းတွေကိုဖြတ်သန်းရင်း
သူတို့ကိုယ်သူတို့ ချစ်ဖို့မေ့နေတတ်ကြတယ်။
ငယ်စဥ်ကလေးဘဝ
အဖေအမေ နဲ့ ညီအကိုမောင်နှမတွေကို
ချစ်မဝ
အရွယ်ရောက်တော့
ငယ်သူငယ်ချင်းအပေါင်းအသင်းတွေနဲ့
ချစ်သူကို....
ချစ်မဝ
လူ့လောကသဘာဝ
အိမ်ထောင်ကျတော့
လင်ယောကျာ်း နဲ့ သားသမီး တွေကို
ချစ်မဝ
ယောကျာ်းရဲ့ ကြင်နာယုယဂရုစိုက်မှုတွေ
သားနဲ့သမီး ရဲ့ တီတီတာတာ ချစ်စရာ့ စကားလေးတွေနဲ့ ပြုမှုလှုပ်ရှားပုံတွေ...
တစ်နေ့တမျိုးမရိုးနိုင်အောင်
ချစ်မဝ ဖြစ်ကြရတယ်။
" ဒီလိုနဲ့ သူတို့နဲ့ သက်ဆိုင်ရာလူတွေအပေါ်
ချစ်ခြင်းမေတ္တာ များစွာနဲ့
ချစ်ပြီးရင်ချစ်နေရင်း
အနစ်နာခံပေးဆပ်ခြင်းများစွာနဲ့
ချစ်မဝသော သူတို့ခင်များ
မွေးကတည်းက ...
သူတို့ကိုယ်သူတို့တော့
ချစ်ဖို့မေ့နေတက်ကြတာ
မိန်းမသားအများစုပါနော် "
😘😘😘😘😘😘😘😘😘😘
(လူမှုဘဝ အကြောင်း အမျိုးမျိုး နဲ့
ကိုယ့်ကိုယ်ကို ချစ်ဖို့မေ့နေတက်ကြတဲ့ မိန်းမသားများ ကိုယ်စား ခံစားရေးဖွဲ့ပါသည်။
ခံစားချက်လေးတွေထပ်တူကျရင်တော့ ဒီပို့စ်အောက်မှာ မျှဝေခဲ့ပေးကြပါဦး...
မို့ ....ဖတ်ချင်ပါတယ်နော် ...)
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady Moh
✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍
Post a Comment