"အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ "

ငွေကြေးချမ်းသာတဲ့သူကို ခင်ပွန်းတော်ထားရတာကို ပြောတာမဟုတ်ပါဘူး ။

ကိုယ့်ကို နွေးထွေးကြင်နာတဲ့သူကို ပိုင်ဆိုင်ထားတာကို ပြောတာပါ ။


"ဂုဏ်ယူဖို့ကောင်းတယ်ဆိုတာ" ပိုက်ဆံကို သုံးမကုန်အောင်ရှာပေးပြီး မက်လောက်စရာတွေ
ပေးနိုင်တာကို ပြောတာမဟုတ်ပါဘူး ။

ဘယ်အခြေအနေမှာမဆို ကိုယ့်ကိုဦးစားပေး 
ညှာတာစာနာ အလျော့ပေးတာကို ပြောတာပါ ။

"တွဲဖက်ညီတယ်ဆိုတာ" ဂုဏ်ချင်းထပ်လို့မြတ်တာ ‌ရွှေချင်းထပ်လို့ မြတ်တာကို ပြောတာမဟုတ်ပါဘူး

အားနည်းချက် ၊အားသာချက်တွေကို နှစ်ဦးနှစ်ဖက်ဖေးမနိုင်ပြီး  တစ်ဦးပေါ် တစ်ဦး 
နားလည်မှုရှိတာကို ပြောတာပါ ။

"အားကျဖို့ကောင်းတယ်ဆိုတာ" လူအများအထင်ကြီးအောင် Surprise တွေပေးနေတာမျိုးကို ပြောတာမဟုတ်ပါဘူး ။

ဘယ်အခြေအနေမှာမဆို တွဲလက်မြဲမြဲနဲ့ ၊
ရန်တွေဘယ်လောက်ဖြစ်ဖြစ် တစ်ယောက်ပေါ် 
တစ်ယောက် သစ္စာရှိတာကို ပြောတာပါ ။

အမျိုးသမီးများအားလုံး အိမ်ထောင်ရေးကံကောင်းသူများဖြစ်ကြပါစေနော် 

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

Previous Post Next Post