" သားနဲ့သမီး ဘဝ မေမေ ဆန္ဒ " 💞💞💞💞💞💞💞💞💞💞💞

ကလေးအရွယ်သားသမီးငယ်တိုင်းအတွက် 
အမေဆိုတာ ပထမဆုံးလမ်းပြကြယ်စင်
ဆရာသခင်မို့...


သားနဲ့သမီး ဘဝခရီး
အဆင်ပြေစေဖို့အတွက် 
ပညာတက်ကြီးဖြစ်ဖို့ထက် 
ပညာရှိပဲဖြစ်စေချင်တာ 
မေမေ ရဲ့ ရည်ရွယ်ချက်ပါ။ 

သားနဲ့ သမီး အနာဂတ်မှာ 
ကိုယ့်အတွက်
လူကောင်းဖြစ်ဖို့ထက် 
အများအတွက် အကျိုးပြုတဲ့
ကောင်းတဲ့လူဖြစ်စေချင်တာ
မေမေ့ စေတနာပါ။ 

သားနဲ့သမီး 
ရှေ့ဆက်မယ့်ခရီးမှာ
 ချမ်းသာကြွယ်ဝ 
သူဌေးဘဝထက်
မေတ္တာကြွယ်ဝ
လူတိုင်းချစ်ကြတဲ့ 
ခေါင်းဆောင်ကောင်းပဲ 
ဖြစ်စေချင်းတာ 
မေမေ့ မေတ္တာပါနော် 

သားဆိုတာ 
မေမေအတွက်အား
မေမေရဲ သားအလှ ရတနာ
ပိုပြည့်လျှံလေး ရှိနေတာနဲ့တင်
အရာအားလုံးပြည့်စုံ 
မေမေ ဘဝရဲ့ ဂုဏ်ပါကွယ်...

ရှေးလူကြီးစကား
သမီးဆိုတာ ထီး...တဲ့
ချစ်သမီးကြီး ရွှေလျှံလျှံလေးက
မေမေဘဝ မေမေအသက်လေးမို့
မိန်းကလေးပီပီ နွဲ့ဆိုးလေးနဲ့ ချစ်မဝ 
သမီးအလှလေးရဲ့ ထီးအောက်မှာ
မေမေဘဝ အိုဇာတာကံကောင်းလို့
သမီးက မေမေရဲ့ အနုပညာပါကွယ် 

💞💞💞💞💞💞💞💞💞💞

အမြဲဂရုစိုက်ပေးနေတဲ့/
 Lady Moh

Post a Comment

Previous Post Next Post