“ ပြုံးတော်မူ“ 😁😁😁😁😁

လူတစ်ယောက်ကို မြင်တာ နဲ့ ပထမဆုံးလုပ်သင့်တာက ပြုံးပြပါ နော်

အဲ့ဒီအပြုံးက အရေးကြီးပါတယ်။ 


အပြုံးဆိုတာ လူတစ်ယောက်ရဲ့မျက်နှာသွင်ပြင်
အေးချမ်းခြင်းနိမိတ်ဆောင်သလို  
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့အပြင် 
ပြုံးပြုံးလေးနေတက်တဲ့သူကို 
လူချစ်လူခင်ပေါများစေပါတယ်နော်။

ဒါ့ကြောင့် ဘာဖြစ်ဖြစ်ပြုံးပါနော်။

စိတ်ညစ်လဲ ပြုံးပြပါ။
ပျော်နေလည်း ပြုံးပါ။ 
ဝမ်းနည်းငိုနေလည်း 
အငိုမျက်လုံး အပြုံးမျက်နှာ နဲ့ 
ပြုံးနိုင်အောင် ပြုံးပါ။ 
ချစ်ရင်လည်း ပြုံးပါ။
မုန်းလည်း ပြုံးပါ။ 
အချိန်တိုင်းပြုံးနိုင်အောင်ကြိုးစားနေထိုင်နိုင်ဖို့လိုပါတယ်နော်။

လူ့ဘဝ ခဏ ကြုံလာသမျှ 
အခက်အခဲတိုင်းကို ပြုံးပြုံးလေး နဲ့ ဖြတ်သန်းနိုင်အောင်ကြိုးစားပြီး 
သင့် ဘဝ တစ်နေ့တာ ပြုံးတော်မူပါ ။ 
😁😁😁😁😁😁😁😁😁😁😁😁

အမြဲဂရုစိုက်ပေးနေတဲ့ / 
Lady Moh

Post a Comment

Previous Post Next Post