ဘဝမှာ ဘာမှအဆင်မပြေလို့ဆိုပြီး
အရာရာကို အလွယ်တကူအရှုံးပေး
အားငယ်မနေပါနဲ့... ။
ရိုးသားကြိုးစားတဲ့သူက
ပိုပြီးခက်ခဲတယ်
ရိုးသားတဲ့သူက
ပိုပြီး အနှိမ်ခံရတက်တယ်။
နားလည်မူပေးတဲ့သူက
ပိုပြီး လိမ်ညာလှည့်ဖျားခံရတတ်တယ်။
အရာရာကိုယုံကြည်လွယ်တဲ့သူက
အကြိမ်ကြိမ်အခါခါ ယုံကြည်မှုအလွဲသုံးစားလုပ်တာခံရတက်တယ်။
မိသားစုတစ်ခုမှာ သိတတ်တဲ့သူက
ပိုပြီး ပင်ပန်းခံရတတ်တယ်။
မို့ချစ်ခင်ရတဲ့သူတို့ရေ...
ဘဝမှာ
ပိုနာကျင်ခံရတဲ့အခါ။
ပိုနစ်နာခံရတဲ့အခါ။
ပိုပင်ပန်းခံရတဲ့အခါ
ပိုကြိုးစားရတဲ့အခါမှာ
အားမငယ်လိုက်ပါနဲ့
လူတိုင်းက နှိမ့်ချတိုင်း
ကိုယ်ကနိမ့်ကျနေတာမှ မဟုတ်တာ
လုပ်သမျှမအောင်မြင်ဘူးဆိုတာ
အောင်မြင်အောင် မလုပ်တက်သေးလို့ပါနော်
အောင်မြင်မှု ဆိုတာ
လွယ်လွယ် ကူကူ နဲ့ ရတဲ့အရာမဟုတ်သလို
လွယ်ကူတဲ့အောင်မြင်မှုတိုင်းလည်းကြာရှည်မခံတက်တာကြောင့်...
ဘယ်သူတွေဘာပြောပြော
ဘာလုပ်လုပ် အားငယ်စိတ်နဲ့ ရှေ့မဆက်ပါနဲ့
ဂရုမစိုက်ခြင်းအနုပညာနဲ့ ရုန်းထွက်
မင်း သိပ်တော်တာ
မင်း အရည်အချင်းရှိတာ
မင်းကိုယ့်မင်း အသိဆုံးမို့...
ဘာကို အားငယ်နေမှာလဲ... ?
🙍🙍🙍🙍🙍🙍🙍🙍🙍🙍
(ကဲ့...မို့ချစ်ခင်ရသူတွေထဲမှာ...
အရာရာအဆင်မပြေလို့ဆိုပြီ အားငယ်တက်တဲ့သူတွေရှိလား...?
ဒီစာစုလေးဖတ်ပြီး စိတ်ခွန်အားဖြစ်စေတယ်ဆိုရင်ပဲ မို့ကျေနပ်ပါပြီနော် )
အမြဲတမ်းဂရုစိုက်ပေးနေတဲ့/
Lady Moh
Post a Comment