"💞 မိသားစု ဟုခေါ်သည်💞 " 👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦

မိသားစု ဆိုတာ 
အတိတ်ဘဝ ကုသိုလ်ကံတရားကြောင့်
ပြန်ဆုံစည်းခွင့်ရပြီး ကံကြမ္မာဖန်တီးပေးလိုက်တဲ့
သဘာဝ အလှတရားတွေထဲက အနုပညာတစ်ခုပါ။ 


မိသားစု ဆိုတာ 
အားလုံးတစ်စုတစ်စည်းတဲ့ရှိနေတာကို
ပြောတာမဟုတ်

မရှိအတူ ရှိအတူ 
ကြုံဆုံလာတဲ့
လောကဓံ ဟူသမျှ
အတူတကွရင်ဆိုင်ဖြေရှင်းတာကို
မိသားစုဟုခေါ်သည် ။ 

မိသားစုဆိုတာ 
သွေးသားတော်စပ်မှ မဟုတ်
ကိုယ်ကချစ်တဲ့သူ
ကိုယ့်ကိုချစ်တဲ့သူတွေကို
 မိသားစုဟုခေါ်သည်။

မိသားစုဆိုတာ...
မိဘမောင်နှမ 
လင်ယောက်ျား ဇနှီးမယား
သမီး သား ဆိုတာထက်
ကိုယ့်ပတ်ဝန်းကျင်
ကိုယ့်လုပ်ငန်းခွင်မှာ 
ကိုယ့်ကိုကောင်းစေချင်တဲ့သူမှန်သမျှ
ကိုယ့်မိသားစု ပါပဲ ။ 
👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦

အမြဲဂရုစိုက်ပေးနေတဲ့/
Lady Moh

Post a Comment

Previous Post Next Post