" အချစ်ကံကောင်းတဲ့ ကျွန်မ " 💞💞💞💞💞💞💞💞💞💞

မိန်းမ တစ်ယောက်မှာ
အချစ်ကံကောင်းရင်
တစ်ဘဝစာ ကံကောင်းတာနဲ့ အတူတူပါပဲရှင်


အသေးအမွှား ကိစ္စလေးက အစ
ဘယ်အရာမှာမဆို 
ချစ်တဲ့သူက  ယုံကြည်မှုရှိရင်
အရာရာ ပြည့်စုံတဲ့သူလို့ မို့ကတော့ထင်တယ် 

မို့အတွက်တော့ အုပ်ကြီးက ....
ရွှေ၊ငွေ၊ရတနာတွေလို 
အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးမို့
သူနဲ့သာဆို...

ဘယ်လိုအတားအဆီး‌တွေ ရှိပါစေ...
မျှော်လင့်ချက်ပန်းတိုင်ဆီ 
အတူတူ ရှေ့ဆက်လို့

သူ ဘယ်သွားသွား ဘယ်ခေါ်ခေါ်
ရှေ့ကသွားရင် နောက်ကလိုက်မယ့်
ရှေ့သွားနောက်လိုက်ညီတဲ့
ချစ်စရာ့ ဇနှီးမောင်နှံအဖြစ်
ရာဇဝင်မှာ ထင်ကျန်ရစ်ချင်တယ် 
ချစ်တဲ့ အုပ်ကြီးရေ...❤️

အေးအတူ ပူအမျှ 
ထာဝရထက်တစ်ရက်ပိုချစ်မယ့်
အချစ်ကံကောင်းတဲ့ ကျွန်မ "

💞💞💞💞💞💞💞💞💞💞💞

(မို့ချစ်ရတဲ့သူအားလုံးလည်း
ချစ်တဲ့သူနဲ့ အစစ အရာရာ အဆင်ပြေပျော်ရွှင်ကြပါစေနော်.... )

အမြဲဂရုစိုက်ပေးနေတဲ့ / 
Lady Moh

Post a Comment

Previous Post Next Post