မို့ကတော့လေ မိသားစုမှာပဲဖြစ်ဖြစ်၊
အိမ်ထောင်ရေးမှာပဲ ဖြစ်ဖြစ် နောင်တ ကင်းတဲ့သူဖြစ်ချင်တယ်
အဲ့တာကြောင့်လေ သားသမီးတွေနဲ့ ❣️ပတ်သတ်လာရင်လည်း မို့ဘက်ကနေ ❣️အကောင်းဆုံးဆိုတဲ့အရာလေးကိုပဲ ပေးပြီး သူ့တို့လေးတွေအတွက် အကောင်းဆုံး အမေတစ်ယောက်ဖြစ်ချင်တယ် ❣️❣️
အိမ်ထောင်ရေး ကျတော့လည်း" စီးတဲ့ရေ ဆယ်တဲ့ ကန်သင်း" ဆိုတဲ့စကားလေး အတိုင်းလိုပဲ
အုပ်ကြီးရှာသမျှကို စုသင့်တာစုမယ်၊ လှူသင့်တဲ့နေရာမှာ လှူမယ် ၊ သုံးသင့်တဲ့ နေရာမှာသုံးမယ် ❣️
ပြီးတော့ အုပ်ကြီးလိုအပ်သမျှကို ကျန်းမာရေးကအစ၊ ချစ်ခြင်းမေတ္တာ❣️တွေအဆုံး ပေးချင်တယ်
ငိုလည်းအတူ ၊ပျော်လည်းအတူ ၊ အောင်မြင်ချိန်မှာ အပျော်တွေမျှဝေခံစားရင်း
သူစိတ်ညစ်နေချိန် မှီစရာ ပုခုံးလေးတစ်ခု ဖြစ်ချင်တယ် 🥰💗
မို့ရဲ့ဘ၀မှာလေ နောင်တဆိုတဲ့ စကားကို
ကို နောင်တစ်ချိန်မှာ ရော အခုချိန်မှာပါ မရချင်တဲ့အတွက် ✨
မိသားစုမှာပဲဖြစ်ဖြစ် ၊အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် " ငါ မလုပ်ပေးလိုက်ရလေခြင်း၊
မပြုစုလိုက်ရလေခြင်း ဆိုတာမျိုးကို "
မရှိရအောင်လို့ အကောင်းဆုံး ဖြည့်စည်းပေးဆပ်ခြင်းတွေနဲ့ ပဲ နေ့ရက်တိုင်းကို ဖြတ်သန်းနေပါတယ်ရှင့်
အမြဲဂရုစိုက်ပေးနေတဲ့/
Lady moh
Post a Comment