အဆင်မပြေချိန်မှာ လိုချင်စိတ်ဖြစ်နေတဲ့
တစ်ခဏတာလေးကို ထိန်းပါ။
ပြသနာ ဖြစ်နေချိန်မှာ ထွက်ပေါ်လာမယ့်ဒေါသကို တစ်ခဏတာလေး ထိန်းပါ။
စိတ်ရှုပ်ထွေးနေချိန်မှာ ဆုံးဖြတ်ချက်အမှားတွေမချမိအောင် စိတ်မြန်လက်မြန်ရှိတဲ့ ကိုယ့်စိတ်လေးကို တစ်ခဏတာလေး ထိန်းပါ။
မလိုအပ်ဘဲ လိုချင်စိတ်များနေတဲ့
လောဘစိတ်ကို တစ်ခဏတာလေး ထိန်းပါ။
အရာရာ စိတ်ခံစားမှုများတဲ့ အစွန်းရောက်စိတ်
စွဲလန်းစိတ်တွေကို တစ်ခဏတာ လေး ထိန်းပါ။
ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေမှာ အကျိုးမရှိတဲ့လုပ်ရပ်တွေမလုပ်မိဖို့ စိတ်ခံစားချက်တွေကို တစ်ခဏတာလေး ထိန်းပါ။
တကယ့်ဆို လူ့ဘဝဟာ
အရာရာ တစ်ခဏတာလေးတွေနဲ့ ဖွဲ့စည်းထားတာမို့ အဲ့ဒီ တစ်ခဏတာလေးတွေကို ထိန်းသိမ်းနိုင်တဲ့အခိုက်အတန့်လေးတွေများလာတဲ့အခါ
ဘဝဟာ သာယာလာပါလိမ့်မယ်နော်...။
တစ်ဘဝစာ သာယာဖို့ အရာရာ တစ်ခဏတာ လေးတွေကို ထိန်းပါနော် ။
🙆♂️🙆♂️🙆♂️🙆♂️🙆♂️🙆♂️🙆♂️🙆♂️🙆♂️🙆♂️🙆♂️🙆♂️🙆♂️🙆♂️🙆♂️
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady Moh
Post a Comment