ဘ၀ဆိုတာ

ဒုက္ခ‌ တွေကြားမှာ 
ပျော်နေခြင်းမဟုတ်လား ? 

ဘ၀ဆိုတာ အားလုံးထင်ထားတာထက် 
တိုတောင်းပါတယ် ။

တိုတောင်းတဲ့ လှတဲ့ လူ့ဘ၀မှာ 
ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင်သာ နေပါ 


 မမြဲတဲ့လက်တွေကို
မျှော်လင့်နေမယ့်အစား
တွဲထားတဲ့လက်ကိုဘဲ မြဲမြဲကိုင်ထားပါ။ 

တွန်းချတဲ့ လက်တွေကို
မေ့ပစ်လိုက်ပြီး
ဆွဲတင်ခဲ့တဲ့ လက်တွေကိုသာ အမှတ်ရနေပါ။ 

အတိတ်ဆိုးတွေနဲ့
အနာဂတ်အိမ်တွေဆီ
အလည်မသွားဘဲ
ပစ္စုပ္ပန်အိမ်မှာပဲ နေပါ။ 

ကြင်နာမှု့မှ မရှိတဲ့သူကို
သေအောင် ဖက်တွယ်ထားလည်း
နာကျင်မှုနဲ့သာ အဆုံးသတ်ရမှာ
မဟုတ်လား..........?။ 

မရောင်တဲ့အရာကို ဆီမလူးဘဲ
ဒဏ်ရာ ဒဏ်ချက်တွေကိုပဲ
ဦးစားပေး ဆေးထည့်ပါ။ 

ဘယ်အချိန် ဘယ်လိုခွဲခွာခြင်းမျိုးနဲ့ 
ဝေးရမလဲဆိုတာ မသိလို့ 

တိုတောင်းလှတဲ့ လူ့ဘ၀မှာ ကိုယ့်ကိုကိုယ် 
ပျော်အောင်သာ နေပါနော်❣️🤗

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

Previous Post Next Post