၁။ ငယ်ငယ်က သင်္ချာကို
ကျက်စာ လို့ ထင်ခဲ့ဖူးတဲ့သူရှိလား....?
မူလတန်းကနေ အထက်တန်းအထိ သင်္ချာကို
ကျက်ဖြေဖူးတဲ့သူရှိလား....?
၂။ အမေဆီက ပိုက်ဆံ ညာတောင်းဖူးတဲ့သူ ရှိလား ....?
၃။ ငယ်ငယ်ကညီအကိုမောင်နှမအချင်ချင်း ပစ္စည်းတစ်ခုခုလုရင် ရန်ဖြစ်ဖူးတဲ့သူ ရှိလား
ရန်ဖြစ်ပြီးရင် အချော့ခံရတဲ့အခါ ပြုံးရယ်ဖူးတဲ့အခိုက်အတန့်ကြုံဖူးတဲ့သူရှိလား....?
၄။ အဖေ နဲ့ အမေ ရန်ဖြစ်အောင် ကျီစား ရန်တိုက်ပေးဖူးတဲ့ သူရှိလား... ?
၅။ ကလေးဘဝ မှာ ကိုယ့်ကိုမြင်ရင် မစပဲမနေနိုင်အောင် ငိုအောင်စတဲ့အထိ ချစ်စနိုးနဲ့ စနောက်ဖူးတဲ့ ရပ်ကွက်ထဲက ဦးလေးကြီး ဒါမှမဟုတ် တစ်ဦးတစ်ယောက်ယောက် ရှိဖူးလား.... ?
၆။ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ အတူ ကျောင်းပြေးပြီးတော့ ပျော်စရာအဖြစ်အပျက် နဲ့ အတူ အဖေအမေရိုက်ခံရသူရှိဖူးလား.... ?
😂😂😂😂😂😂😂😂😂😂😂😂😂😂😂
ကဲ.... ငယ်ဘဝအဖြစ်အပျက် (၆)ချက်ကို ဖတ်ပြီးတစိမ့်စိမ့်တွေး တခစ်ခစ် ပြုံးရယ်နေလား
( ဒီလို တစိမ့်စိမ့် တွေးပြီ တသသပြန်လွမ်းရတဲ့ ငယ်ဘဝခံစားမှုလေးများကို အမှတ်ရသူများရှိရင် ဒီပို့စ်အောက်မှာ မျှဝေပေးခဲ့ကြနော်
အားလုံးပဲ ငယ်ဘဝပြန်တမ်းတလို့ ပြုံးပန်းဝေနိုင်ကြပါစေနော် )
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady Moh
✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍
Post a Comment