လေဒီမို့ ရဲ့ ဘဝ မှာ
အကြိုက်ဆုံးက ခရီးသွားခြင်း အနုပညာပါပဲ...
တစ်ယောက်တည်း သီးသန့်သွားတဲ့ ခရီးစဥ်တွေထက်
ပျော်ရွှင်စရာမိသားစု ခရီးစဥ်တွေကို ပိုကြိုက်ပါတယ်နော်...။
အခုလည်း ပျော်ရွှင်စရာမိသားစု ဘန်ကောက်ခရီးစဥ်လေးမှာ
ကြုံတွေ့ခံစားခဲ့ရတဲ့ ပိတီနဲ့အတူ
ဘဝနဲ့ပတ်သက်တဲ့ အတွေးလေးတစ်ခုကို
မို့ချစ်ခင်ရတဲဲ့သူတွေဆီ မျှဝေ ပါရစေနော် ။
"သားသမီးအချစ်
မြေးအနှစ် တဲ့"
မေမေက သူ့မြေးတွေနဲ့
ခရီးသွားရလို့ ပျော်နေလိုက်တာ
ကျန်းမာရေးတောင်ပိုကောင်းသွားတယ်။
သူတို့မြေးအဖွားတွေ ပျော်နေတာကိုကြည့်
ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိ ရင်ထဲထိ
မေမေကိုကြည့်ပြီး တွေးမိတယ်...။
ဘဝဆိုတာ ...
အချိန်တိုလေးတစ်ခုပါလား ...
လူ့လောကရောက်စ
ကလေးဘဝမှာ
တွန်းလှည်းလေးနဲ့ အစပြု
အမေ့ကျေးဇူးနဲ့ လူ့ဘဝထဲ
ရဲရဲလျှောက်ရဲခဲ့တယ်။
အချိန်တွေအကုန်မြန်
လောကသဘာဝ
အမေအိုရ
အသက်ကြီးလာတော့လည်း
ဝှီးချဲလ် တွန်းလှည်းပေါ်မှာပဲ
အဆုံးသတ်ရပြန်တယ်။
ဒီကာလအပိုင်းအခြား
လူ့ဘဝမှာ...
ဘယ်အရာမဆို
အကောင်းဆုံးမလုပ်နိုင်ရင်တောင်
အဆိုးဆုံးမဖြစ်အောင်ကြိုးစား
အမှားနည်းတဲ့ လူသား
ဘဝကို ရိုးရိုးသားသား နဲ့ ပဲ ဖြတ်သန်းချင်တယ်
မေမေ ရဲ့ ချစ်ခြင်းမေတ္တာတရား
စာဖွဲ့ ပန်းချီရေးမမှီသလို
အမေဆိုတာ သားသမီးရဲ့ ကမ္ဘာ
သားသမီးဆိုတာ မေမေရဲ့ ရတနာ
"မေမေ နဲ့ သားသမီး "သည်သာ
လေဒီမို့ရဲ့ ဘဝ လေဒီမို့ရဲ့ ကမ္ဘာ "
💞💞💞💞💞💞💞💞💞💞💞💞💞💞
(မို့ချစ်ရတဲ့ သူတွေအားလုံး ကြည်နူးပျော်ရွှင်စိတ်ချမ်းသားကြပါစေနော် ...
ဘန်ကောက်ခရီးစဥ် အမှတ်တရ စာစုလေးရေးတင်လိုက်ပါတယ်နော်)
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady Moh
Post a Comment