အထီးကျန် အကျဉ်းမတန်ပါစေနဲ့

ဘ၀မမြင့်နဲ့ ဘ၀မမေ့နဲ့ 
ခဏတာ အောင်မြင်မှုအောက်မှာ မသာယာပါနဲ့ 

ငါဆိုတဲ့ အတ္တကိုလည်းမထားနဲ့ 
စီးပွားဥစ္စာ အောင်မြင်မှုတွေဟာ 
သေရင် အကုန်ထားခဲ့ရမှာပဲ 


လက်ရှိမှာ ငါလုပ်နိုင်တယ်ဆိုတဲ့အတွေးနဲ့ 
လူတကာကို မောက်မောက်မာမာ မဆက်ဆံမိစေနဲ့ 
မာနအတွေးတွေနဲ့ ရစ်မူးနေခြင်းဟာ 
ကိုယ့်ကို အကျဉ်းတန် အထီးကျန်စေပါတယ် 

ဒါ့ကြောင့် လူဖြစ်ခွင့်ရတဲ့အချိန် ခဏလေးမှာ 
မျက်နှာမြင် ချစ်ခင်ပါစေဆုနဲ့ ပြည့်ဖို့ 
မာနလည်းမထားနဲ့ အတ္တတွေလည်း မရှိပါစေနဲ့ 

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

Previous Post Next Post