ရှောင်လွှဲမရ ဘဝနိယာမ

အသက်ရွယ်လေး ရလာတာနဲ့အမျှ 
အိုရမယ် နာရမယ် သေရမယ် ဆိုတာတွေဟာ လူ့ လောက ရဲ့ သဘာဝနိယာမ တရားတွေပဲ မဟုတ်လားရှင့် 

 လူအများစုက အိုစာမင်းစာအတွက် ဆိုပြီး ငွေစုတတ်ကြပေမယ့်  
မေတ္တာ စုဖို့တော့ မေ့နေတတ်ကြတယ်လေ


 မကျန်းမာလာရင် ကုသဖို့ငွေစုဖို့လိုသလို ဝေယျာဝေစ္စကို..လုပ်ပေးမယ့်.. မေတ္တာရှိတဲ့သူလည်း လိုပါတယ်နော် 

တစ်ချိန်မှာ ကိုယ်ဟာ ဘယ်လိုအခြေနေနဲ့ရင်ဆိုင်ရမလည်းဆိုတာ မသိနိုင်ဘူးလေ

 “မေတ္တာဆိုတာ အသွားအပြန်ရှိတယ်" တဲ့ ကိုယ့်ဘက်ကအသွားမရှိပဲ သူများဆီကမျှော်လင့်လို့မရပါဘူးနော်

ဒ့ါကြောင့်မလို့ မို့ချစ်တဲ့ သူတွေအားလုံးကိုလည်း  မေတ္တာရှေ့ထား လူချစ်များလို့ ဘဝခရီးလေး စိတ်အေးရအောင် မေတ္တာစိတ်လေး ပွားများဖို့ ဘယ်တော့မှ မမေ့ပါနဲ့နော်

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

Previous Post Next Post