" မျက်ရည်လွယ်သူ မဖတ်ရ "

တချို့လူတွေက မျက်ရည်လွယ်တက်ကြတယ်
အဲ့ဒီလို မျက်ရည်လွယ်တဲ့သူတွေကို 
စိတ်ဓာတ်ပျော့ညံ့တဲ့သူ​၊ ခံစားချက် လွယ်တဲ့သူလို့အပေါ်ယံအမြင်နဲ့ မသတ်မှတ်ကြပါနဲ့ ...။


သူတို့ဟာ အရာရာကို ရင်ဘက်နဲ့ခံစား ဖြူစင်တဲ့နှလုံးသားနဲ့ ရိုးသာစွာပေါင်းသင်းဆက်ဆံတန်ဖိုးထားတက်သူတွေပါနော်။ 

" တကယ်လို့ သူတို့ မျက်ရည် မကျတော့တဲ့နေ့ "
ပတ်သက်သမျှ အရာရာကို ဥပေက္ခာပြုလိုက်ပြီလို့ ယူဆလိုက်ပါ။ 

မျက်ရည်က မေတ္တာတရားရဲ့ အတိမ်အနက်ကို ကိုယ်စားပြုဖော်ပြပေးသလို မျက်ရည်လွယ်သူ 
မျက်ရည်မကျတော့တဲ့အခါ ဥပေက္ခာ တရားကိုဖော်ပြတာပါနော် ...။ 

တကယ်တော့ မျက်ရည်လွယ်သူတွေအများစုဟာ 
ခံစားချက်မှန်သမျှ ရင်ဘက်ကြီးနဲ့ မမျှတော့တဲ့အခါ မျက်ရည်မိုးတွေရွာချ သောကကို မျက်ရည်နဲ့ အဖော်ပြုပြီးဒေါသကို မျက်ရည် နဲ့ ဖျော်သောက်ကြသူတွေမို့ မျက်ရည်လွယ်သူတွေကို စိတ်ဓာတ်ပျော့ညံ့သူတွေလို လွယ်လွယ် မသတ်မှတ်လိုက်ကြပါနဲ့...

" မျက်ရည်လွယ်သူတွေဟာ 
အရာရာကိုခံစားတက်တဲ့နှလုံးသားနဲ့ မေတ္တာတရားကြီးမား အချစ်တက်ဆုံးလူသားများပါနော် "

( မို့တို့လို မျက်ရည်လွယ်သူတွေကိုနားလည်နိုင်ကြပါစေ... ခံစားချက်ချင်းထပ်တူကျရင်ဝေမျှခဲ့ကြဦးနော် )

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady Moh

Post a Comment

Previous Post Next Post