" အိမ်ထောင်သက်တမ်းကြာလာတဲ့
မိန်းမတစ်ယောက်ဟာ💁
ကိုယ့်ယောင်္ကျား အကြောင်းကို
သူ့မွေးထားတဲ့ အမေထက်ပိုသိတယ်ဆိုတာ မယုံမရှိနဲ့နော်
ကိုယ့်ယောကျာ်းရဲ့
အကြည့်တစ်ချက် စကားတစ်ခွန်း
ကိုယ်အမူအယာ အပြောင်းအလဲ
ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေကအစ
ရင်ထဲ အသဲထဲ မက နှလုံး ကျောက်ကပ်
ထိပါမြင်တယ် ဘယ်ခြေလှမ်းပြီး ဘယ်ကမ်းကပ်မလဲ ဆိုတာပါ အကုန်သိတယ်။
စကားတွေတောပြော တောင်ပြော
ရယ်စရာဟာသ ပြောပြော အတည်ပေါက်နဲ့ခပ်တည်တည်ဒဲ့ပဲပြောပြော ၊ ပြောချင်ရာပြော
လိုအပ်လာရင် ဘယ်စကားကဘာအဓိပ္ပါယ်လည်းဆိုတာ
ဘာသာပြန်တွေအရှုံးပေးရလောက်အောင် နားလည်သလို ဘယ်အချိန် ဘယ်နေရာမှာ
ဘာ ပြောခဲ့တာကအစ အတိအကျ ပြန်ပြောနိုင်တယ်ဆိုတာယုံ ။
တခြားလူတွေကိုသာ မှတ်မထားရင်နေမယ်
ကိုယ့်ယောကျာ်း ပြောတဲ့ စကား အကုန်မှတ်မိကြတယ်ဆိုတာ...ဟုတ်တယ်...ဟုတ်
အိမ်ထောင်သည် မိန်းမတွေဆိုတာလေ
ကိုယ့်ယောကျာ်း ပြောသမျှ လုပ်သမျှ ဘာမှမသိ ဘာမှမမှတ်မိဘူးဆိုတာ အလကား
သူတို့ မှတ်ချင်တာ မှတ်ထားပြီ မေ့ချင်တာမေ့ထားတက်တဲ့ သူတွေ...
တကယ်လို့များ အခန့်မသင့်လို့ ရန်ဖြစ်ကြတဲ့အခါ
ထုတ်သုံးဖို့ စုဆောင်းထားတဲ့ ပေါက်ကွဲသံစဥ်တွေပဲ🎼 ဘယ်နေရာဘယ်အချိန်မှာဘာပြောတာ ဘာလုပ်တာ ဆိုပြီ စပြီလေ...ရန်ပွဲ... 🥊
တစ်ခါတစ်လေကျ
ငါ့ကိုလိမ်နေတာ ဆိုတာသိသိနဲ့
တမင်အလိမ်ခံနေကြရတာ။
" ဟာ မိန်းမကလဲကွာ မဟုတ်ပါဘူး မလုပ်ပါဘူး " လို့ ဘူးခံငြင်းနေလဲ...?
လိမ်စမ်း ကြိုက်သလောက် ဆိုပြီး
နှုတ်ခမ်းလေးရွဲ့မဲ့ပြုံး ပြုံးရင်း
ယောကျာ်းချစ်စိတ်နဲ့ ကြိတ်မှိတ်
သိသိကြီးနဲ့ အလိမ်ခံနေရတဲ့ အိမ်ထောင်သည်မိန်းမတွေဘဝကို.တွေးကြည့်လို့စာနာပေးကြပါလေ....နော်
😘😘😘😘😘😘😘😘😘😘😘😘😘😘😘
(မို့ချစ်ခင်ရတဲ့ အိမ်ထောင်သည် မမညီမလေးများအတွက် ခံစားတင်ပြသည် တိုက်ဆိုင်မှုတွေရှိခဲ့ရင် ဝေမျှခဲ့ကြဦးနော် ချစ်သဲတို့ရေ....)
အမြဲဂရုစိုက်ပေးနေတဲ့
Lady Moh
Post a Comment