ဖိနပ်တစ်ဖက်တည်းရှိရုံနဲ့
ဘာမှ အသုံးမ၀င်ဘူး
နှစ်ဖက်ရှိမှ လိုရာ ခရီးကိုရောက်တာ
ယုံကြည်မှုဆိုတာလည်း အဲ့လိုပဲ
နှစ်ဦးနှစ်ဖက်ရှိမှ ဆက်ဆံရေး ရေရှည်
ခိုင်မြဲတာ
ယုံကြည်မှုပျက်စီးသွားတဲ့အခါ
ဘယ်လိုပဲ ပြန်တည်ဆောက် တည်ဆောက်
အရင်လိုပြန်မဖြစ်တော့ဘူး ...
ဒါ့ကြောင့်
ယုံကြည်လို့ ပြောလိုက်တဲ့စကားကို
ကွယ်ရာမှာ အတင်းမပြောရဘူး
ယုံကြည်လို့ ပေးလိုက်တဲ့
မေတ္တာတွေကို မလေးမစားမလုပ်ရဘူး
ယုံကြည်လို့ ကူညီပေးလိုက်တာကို
ဘယ်တော့မှ ကျေးဇူးမကန်းရဘူး
ယုံကြည်လို့ အခွင့်အရေးပေးထားတာကို
ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး
ဒီလိုပဲ ဘ၀မှာ ယုံကြည်မှုကို
အလွဲသုံးစားလုပ်တတ်တဲ့သူတွေ ရှိတယ်
ဒါပေမယ့် အားမငယ်ပါနဲ့
တကယ်တမ်း နစ်နာတဲ့သူတွေက ကိုယ်မဟုတ်ပဲ
သူတို့ကိုယ်တိုင်ပါပဲ
ဒါကြောင့် ဘယ်သောအခါမှ
ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါနဲ့
တစ်ချို့သော ယုံကြည်မှုတွေက နောက်တစ်ခါ
ဘယ်တော့မှ ပြန်မရနိုင်လို့လေ
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh
Post a Comment