ဇနီးသည်အား တန်ဖိုးထားပါ

မိဘအိမ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် "သခင်လို နေခဲ့ရတဲ့ မိန်းမဟာ "...

ယောင်္ကျားအတွက် ဖွယ်ဖွယ်ရာရာ ချက်ကျွေးနိုင်ဖို့ မီးဖို‌ချောင်ထဲမှာ နေ့ရော ညပါ အချိန်ကုန်ဆုံး
တယ်။ 


☀️နေမြင်မှ အိပ်ရာထတဲ့သူက နေမထွက်ခင် 
အချိန်မှာ မနက်စာပူပူလေးတွေ မိသားစု စားဖို့အရေး အစောကြီးအိပ်ရာထနိုင်ခဲ့တယ်။

မှတ်ပုံတင်မှာသာ "မှီခိုလို့ " ရေးထားပေမယ့် 
အိမ်မှာ သူ့လက်နဲ့ လွတ်တဲ့ နေရာတစ်ခုမှ ရှိမနေခဲ့ဘူး ။ 

ကိုယ့်ရဲ့ အရည်အချင်းတွေ ၊ အောင်မြင်မှုတွေကို 
မီးဖိုချောင်ထဲမှာ ၊ အိမ်ထဲမှာပဲ ရင်းနှီးမြုပ်နှံထားတယ်ဆိုတာ ကိုယ့်ယောင်္ကျားအတွက် 
နောက်ကွယ်ကနေ အကောင်းဆုံး ပါရမီဖြည့်ပေးနေတာပဲ 

အဲ့တာကြောင့် အပေါင်းအသင်းတွေက မင်း 
မိန်းမ ဘာလုပ်လဲလို့မေးရင် " ဘာမှမလုပ်ဘူး 
မှီခိုပဲ " ဆိုတဲ့စကားကို လက်လွတ်စပါယ်‌မပြောပါနဲ့ ....

ဇနီးသည်ကြောင့် ကိုယ်တန်ဖိုးတက်ရသလို 
ကိုယ့် ကြောင့်လည်း ဇနီးသည် တန်ဖိုးတက်ပါစေ 

"ဇနီးအား တန်ဖိုးထားပါနော် " 

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

Previous Post Next Post