လောကမှာ ...
အလှဆုံးသောမိန်းမဆိုတာ
ရုပ်ရည်ချောမောလှပတာထက်
ကိုယ့်အလုပ်ကိုလုပ်
ကိုယ့်အကြောင်းကိုစိတ်ဝင်စား
ကိုယ့်ကိုယ်ကို ပြိုင်ဘက်ထား
ကိုယ့်တက်လမ်းကိုယ်ကြိုးစားပြီး
ကိုယ့်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ မိန်းမကသာ
အလှဆုံးမိန်းမ 👸
ကိုယ့်တက်တဲ့ပညာနဲ့
ကိုယ့်မိသားစု
ကိုယ့်ပတ်ဝန်းကျင်မှာ
အများအကျိုးသယ်ပိုးနိုင်တဲ့
မိန်းမကသာ အလှဆုံးမိန်းမ 👸
ကိုယ့်တက်တဲ့ပညာ
ကိုယ့်ဝင်ငွေ နဲ့
လောကလူရွာ လိုအပ်တဲ့နေရာ
စေတနာသဒ္ဓါတရားနဲ့ ကူညီထောက်ပံ့
ပရဟိတစိတ်ဓာတ်နဲ့ ရှင်သန်နေတဲ့
မိန်းမကသာအလှဆုံးမိန်းမ 👸
ဘယ်အရာမဆို
အကျိုးအကြောင်း
အဆိုးအကောင်း
အမှား အမှန်ကို
နှလုံးသားနဲ့ ခံစား
ဦးနှောက်နဲ့ ဆုံးဖြတ်
အကြမ်းမဖက်တဲ့ မိန်းမကသာ
အလှဆုံး မိန်းမ 👸
" မိန်းမသားတို့သဘာဝ
မိခင်စိတ်ပြည့်ဝ
ချစ်ခြင်းမေတ္တာများနဲ့
၃၁ ဘုံမှာ ....
အချစ်တက်ဆုံးမိန်းမများကသာ
အလှဆုံး မိန်းမ "👸
တကယ်တော့ မိန်းမအားလုံးဟာ
ဘုရားပေးတဲ့မိခင်စိတ်နဲ့ ချစ်ခြင်းမေတ္တာ ပြည့်ဝနေရုံနဲ့တင် အလှဆုံးမိန်းမ ဖြစ်နေပါပြီနော်...
မို့ချစ်ခင်ရတဲ့သူတွေအားလုံးက အလှဆုံးမိန်းမတွေပါပဲနော်...... ❤️
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady Moh
Post a Comment