ဆာလောင်နေတဲ့ ဗိုက်
ပိုက်ဆံမရှိတဲ့ ပိုက်ဆံအိတ်
ကျိုးပဲ့နေတဲ့ နှလုံးသားဟာ
ဘဝရဲ့အကောင်းဆုံးသော သင်ခန်းစာတွေပါ
လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့
အမျိုးမျိုးဆက်ဆံတတ်တဲ့
လူတွေရဲ့ အပြုအမှုတွေကို သင်ခန်းစာယူပါနော်
ကိုယ်ကောင်းလဲ လူတစ်ချို့က
မကောင်းဘူးဆိုတာကို ....
ပိုလျှံချိန်အကြောင်းမဟုတ်ပေမယ့်
လိုအပ်ချိန် ရှောင်ဖယ်ကြတဲ့ အမျိုးတွေရဲ့
ဆက်ဆံပုံတွေကို သင်ခန်းစာယူပါနော်
မလိုအပ်ပဲ ငွေတွေမသုံးမိအောင် ။
ယုံကြည်ရပါတယ်ဆိုတဲ့ လူတွေဆီက
နောက်ကျောကို ဓားထိုးခံလိုက်ရတဲ့အခါ
ဒေါသထွက်မယ့်အစား သင်ခန်းစာယူပါနော်
ကိုယ်ကလွဲ ဒူးတောင် မယုံရဘူးဆိုတာ ။
ဘာပဲကြုံလာ ကြုံလာ အကောင်းဖြစ်ဖို့ပဲ
ဖြစ်လာတာလို့မှတ်ပြီး နောက်ထပ် အလားတူ
အဖြစ်အပျက်မျိုးမဖြစ်အောင် သင်ခန်းစာယူပါနော်
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh
Post a Comment