ပျော်အောင်နေပါ

ဘယ်မှာနေနေ ကိုယ်ပျော်နေဖို့အရေးကြီးတယ်။
ဘယ်ကိုသွားသွား ကိုယ်စိတ်ကျေနပ်ဖို့က အရေးကြီးတယ် ။

ဘယ်သွားပြီးဘာစားနေတယ်ဆိုတာ
 အရေးမကြီးဘူး ။
ကိုယ်ဘယ်လောက် ပျော်နေလဲဆိုတာပဲအရေးကြီးတယ် ။


စိတ်ပျော်နေသူအဖို့ လမ်းထိပ်က 
မုန့်ဟင်းခါးဟာလည်း နိဗ္ဗာန်ပါပဲ ။

စိတ်မပျော်နေသူအဖို့ကတော့ ဘယ်ပွဲပဲတက်တက် သူ့အတွက်က ငရဲပါပဲ ။

ဆရာအကြည်တော် ပြောသလို လောကမှာ 
စိတ်ပျော်ရွှင်ဖို့က အရေးအကြီးဆုံးဆိုတာ 
လူတိုင်းမေ့နေကြတယ် ။

ကိုယ်ပျော်နေမှ သူများကိုပျော်အောင်လုပ်ပေးနိုင်မှာမလို့ ကိုယ့်ကို ပျော်ရွှင်စေတဲ့ ရပ်၀န်းမှာပဲ 
နေထိုင်ရှင်သန်စေချင်ပါတယ် 

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

Previous Post Next Post