"အားနာတယ်အဖေ" 🙏🙏🙏🙏🙏

လောကလူ့ရွာ 
သားသမီးရတနာ အများစုဟာ
အမေ့ နို့ဖိုးကို သတိရကျေးဇူးဆပ်ကြပေမယ့်
အဖေ့ချွေးဖိုးကိုတော့ မေ့နေတက်ကြလို့
 အားနာလိုက်တာ အဖေရယ်။
 


အမေချစ်တာကို သိကြပေမယ့်
အဖေချစ်တာကို သတိမရကြလို့ 
အားနာတယ် အဖေ 

အမေချက်ကျွေးတဲ့ ထမင်းဟင်း
အဖေ့ချွေးနဲ့ရင်းမှ စားရတာကို
သိရက်နဲ့ မျက်ကွယ်ပြု
အဖေ့နဖူးက ချွေးစက်
 ပုခုံးထက်က သွေးကွက် 
 ခြေဗလာ အသားမာ နဲ့ 
သားသမီးအတွက် အပြုံးမပျက် တဲ့ 
အဖေ့ကျေးဇူးတွေ မသိတတ်ခဲ့ဖူးလို့
အခုချိန်မှ နောင်တရ 
အားနာလို့ပါအဖေ ။

မိသားစုစားဝတ်နေရေး
 သားနဲ့သမီး ပညာရေး 
အနာဂတ် အေးဖို့ 
နေ့မနား ညမအား အလုပ်ကြိုးစား
အိမ်ပြန်နောက်ကျညတိုင်း
မိသားစုကို 
အချိန်မပေးရကောင်းလားအပြစ်မြင် 
အဖေ့ကိုမချစ်ခင်ဘဲ
အမေ့ကိုသာ သနား 
အဖေ့စကားဆို အလေးမထားခဲ့တာ
အားနာလိုက်တာ အဖေရယ်

ကိုးလမလွယ် ဆယ်လမဖွား
အကြင်နာမေတ္တာများနဲ့ ထူးတဲ့လူသား
သားသမီးအများစုရဲ့
ဒုတိယဦးစားပေးဖြစ်နေလို့ 
အားနာလိုက်တာ အဖေရာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(အပြည်ပြည်ဆိုင်ရာအဖေများနေ့ အတွက် သားသမီးများအားလုံးကိုယ်စား ဂုဏ်ပြုရေးဖွဲ့ပါသည်  မို့ချစ်ခင်ရသူတွေအားလုံး အဖေနဲ့ပတ်သက်ပြီး ခံစားချက်လေးတွေထပ်တူကျ အမှတ်တရများရှိခဲ့ရင် ဝေမျှပေးခဲ့ကြဦးနော် )

အမြဲဂရုစိုက်ပေးနေတဲ့ / 
Lady Moh 
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Post a Comment

Previous Post Next Post