လူတိုင်းကို အပေါ်ယံလေးကြည့် အရာရာကို
မဝေဖန်ချင်ပါနဲ့
လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေကြရင်း ပြုံးနေပေမယ့် နာကျင်ရတဲ့ အချိန်တွေရှိတက်ကြပါတယ်။
အဆင်မပြေတဲ့ အခိုက်အတန့်မှာ အခက်အခဲတွေကြုံရတိုင်း....
" ငါ့ကျမှာ ဘာကြောင့်လဲ " လို့ မေးခွန်းတွေ ထုတ်နေမယ့် အစား ဒီအခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ် ရမလဲ လို့ ကြိုးစား အဖြေရှာပါ။
အခက်အခဲတွေကြားမှ ရည်မှန်းချက်ပန်တိုင်းဆီ အရောက်လှမ်းပါ။
ဘယ်အောင်မြင်မှုမှ ရည်မှန်းချက်မထား အခက်အခဲမရှိမကြိုးစားဘဲ ပရမ်းပတာနဲ့ အောင်မြင်လာတာမရှိဘူးနော် ။
အဆင်မပြေမှုတွေကြားမှာ
" စိတ်ဓာတ်ကျနေ " လို့ဆိုပြီး
ထိုင် ငိုနေလို့မှ မရတာ
ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ဖို့ဆိုတာ
ဘယ်သူ လုပ်ပေးလို့မှမရဘူး
ကိုယ့်အားကိုယ်ကိုး ကိုယ့်ဘာသာလုပ်ယူရတဲ့အရာ သူများအကူညီနဲ့ စိတ်ဓာတ်တက်လာလည်း ခဏ ပဲ
ကျနေတဲ့ စိတ်ဓာတ် နဲ့ အလုပ်မလုပ်ပါနဲ့
အလုပ်လုပ်နေချိန် စိတ်ဓာတ်တက်တက်ကြွကြွလုပ်ပါ။
အဲ့ဒီ အခါ...
အောင်မြင်မှု ဆိုတာ....
ဦးမြင့်မောင် လို အော်ခေါ်နေစရာမလိုဘူး😛
သူ့အလိုလို ကိုယ့်ဆီရောက်လာမှာ အသေချာမို့
စိတ်ဓာတ်ကျမနေပါနဲ့
ကျနေတဲ့စိတ်ဓာတ်ကို ဆွဲမ မြန်မြန်ထလို့
ထပ်ကြိုးစားကြည့်ပါဦးနော်....။
💪💪💪💪💪💪💪💪💪💪💪💪
" မို့ချစ်ခင်ရသူတွေအားလုံး ဒီစာစုလေးဖတ်ပြီးနောက်စိတ်ခွန်အားရကြပါစေနော် "
အမြဲဂရုစိုက်ပေးနေတဲ့/
Lady Moh

Post a Comment