ထိတွေ့တဲ့သူတိုင်းကို အေးမြ မှုပေးတဲ့ လူက
ရေနဲ့တူတဲ့လူ🙎♂️
ကိုယ့်အပေါ်မကောင်းကြံအနိုင်ကျင့်နင်းသွားလည်း ဘာမှမဖြစ်သလိုအရာရာ သည်းခံနိုင်စွမ်းရှိတဲ့ ခန္တီ ပါရမီ ပြည့်ဝတဲ့သူက ...
မြေကြီး နဲ့ တူတဲ့လူ 🙎♂️
အနားရှိသမျှ အရာအားလုံးကို အဝေးဆုံးကိုရောက်သွားအောင်တွန်းပို့နိုင်တဲ့သူက ...
လေမုန်းတိုင်း နဲ့ တူတဲ့လူ 🙎♂️
ထိလိုက်တာနဲ့ ပူလောင်နာကျင်မှုကိုပေးစေတဲ့ သူက မီး နဲ့ တူတဲ့လူ🙎♂️
ခိုလှုံခွင့် အရိပ်ပေးတယ် ။
အဟာရအတွက်အသီးအပွင့်တွေလည်းပေးတယ်။
အရာအားလုံးပြည့်စုံမှုပေးတယ် ။
စွန့်ပစ်ချင်ရင်တောင် မလွယ်ကူဘဲ
အမြစ်တွယ်နေတဲ့ သူကိုကျတော့
သစ်ပင် နဲ့ တူတဲ့ လူ 🙎♂️
ကဲ.... ဒါဆို
သင်ရော ဘယ်လိုလူမျိုးလဲ….?
🤷♀️🤷♀️🤷♀️🤷♀️🤷♀️🤷♀️🤷♀️🤷♀️🤷♀️🤷♀️🤷♀️
အမြဲဂရုစိုက်ပေးနေတဲ့
Lady Moh
Post a Comment