“ ရင့်ကျက်ခြင်း အနုပညာ “ 😘😘😘😘😘😘😘😘😘

လောက မှာ လူရယ်လို့ ဖြစ်လာရင် 
ဒေါသ ဖြစ်စရာကြုံလာ တဲ့ အခါ 
ဒေါသ မရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ 
ရှိနေတဲ့ ဒေါသကို ထုတ်မပြဘဲ 
ထိန်းသိမ်းထားတာဟာ 
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ...။


ဝမ်းနည်းစရာဖြစ်လာရင် 
မျက်ရည်ကျတာ သဘာဝပဲ 
ကျလာမယ့်မျက်ရည်ကို 
မျက်တောင်ပုတ်ခပ်သိမ်းဆည်းပြီး
ဝမ်းနည်းရိပ်မပေါ်အောင်
 ပြုံးရွှင်မျက်နှာထား နဲ့ နေနိုင်တာလည်း    
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ။

လူတိုင်းမှာ ခံစားချက်တော့ ရှိကြတာပါပဲ 
ခံစားချက်ကို မျက်နှာမှာမပေါ်အောင်
ထိန်းချုပ်နိုင်တာကလည်း 
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ... ။ 

ဒေါသကိုထုတ်ပြရင် 
ကိုယ် ဒေါသကြီးတာ လူ သိမယ်။

ခံစားချက်ကိုထုတ်ပြရင် 
ကိုယ်အားနည်းချက်ကို လူသိမယ်။

ဝမ်းနည်းတာကိုထုတ်ပြရင် 
ကိုယ်ပျော့ညံ့တာ လူသိမယ်​။

ဒီတော့ ဒေါသကြီးတာ 
ဝမ်းနည်းတက်တာ 
ခံစားချက်ပြင်းထန်တာတွေကို 
ထိန်းသိမ်းမြိုသိပ်တိတ်ဆိတ်နေခြင်းဟာ
 ရင့်ကျက်ခြင်း အနုပညာတစ်မျိုးပါပဲနော် ။ 
 💞💞💞💞💞💞💞💞💞💞💞💞💞💞

အမြဲဂရုစိုက်ပေးနေတဲ့ / 
Lady Moh

Post a Comment

Previous Post Next Post