လူတိုင်းကို မယုံပါနဲ့

ကိုယ့်ဘ၀အတွက်သာ ရှင်သန်ပါ 

အဆင်ပြေတိုင်းလည်း မပျော်ပြပါနဲ့ 
မနာလိုသူတွေရှိတတ်တယ် ❤️

အဆင်မပြေတိုင်းလည်း သိပ်မပြောပြနဲ့ 
ကျိတ်ပျော်နေသူတွေရှိတတ်တယ် ❤️

ပင်ပန်းတိုင်းလည်း ရင်မဖွင့်မိပါစေနဲ့ 
အားရသူတွေရှိတတ်တယ် ♥️


အားငယ်မိတိုင်းလည်း မဖော်ပြမိပါစေနဲ့ 
လူတစ်ချို့က အထင်သေးတတ်တယ် ❤️

မှန်တယ်ထင်တိုင်းလည်း မပြောပါနဲ့ 
လူမုန်းများတတ်တယ် ❤️

တကယ်တမ်းမှာ ကိုယ့်ပျော်ရွှင်မူကို အလွယ်တကူ လူတွေမြင်နိုင်ပေမယ့် ကိုယ့်ရဲ့နာကျင်မူကိုတော့ ဘယ်သူကမှ မမြင်ပေးနိုင်ကြပါဘူး 💞

လူတွေက အကြိမ်တစ်ရာကောင်းပေးတာထက် ကိုယ်တစ်ကြိမ်မကောင်းတာကိုပဲ 
ပိုမြင်တတ်ကြလို့ပါ❤️

ဒါ့ကြောင့် ကိုယ့်ခံစားချက်ကို ရင်ဖွင့်ချင်တဲ့အခါ ယုံကြည်ရမယ့်လူကိုမရှာပါနဲ့ မှန်ထဲကိုသာပြေးကြည့်လိုက်ပါ 💞

မှန်ထဲကလူက နောက်ကျောကို ဓားနဲ့လည်းမထိုးတတ်သလို လှောင်ပြောင်တာမျိုးလည်းမလုပ်တတ်လို့ပါ ❤️

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

Previous Post Next Post