မိခင် တို့ရဲ့ အနာဂတ်
မိခင်တို့ရဲ့ ချစ်မ၀လေးတွေ
တီတီတာတာစကားသံလေးတွေနဲ့
မိခင်တို့ကို အမောပြေစေတဲ့ အားဆေးလေးတွေ .....
သားသမီးတွေနဲ့ပတ်သတ်လာရင်
မိခင်တိုင်း ဟာ အရမ်းကို
ဆတ်ဆတ်ထိမခံတဲ့သူတွေပေါ့.....
သမီးလေးရဲ့ လက်မှာ
ဒဏ်ရာလေးဖြစ်နေတာကအစ
သားလေးဆီမှာ ခြင်ကိုက်ဖုလေးရှိတာအဆုံး
မိခင်တိုင်းမှာ မလိုချင်သူပါကွယ်❣️💗
သားသမီးတွေရဲ့ အနာဂတ်ဘ၀တွေကိုလည်း
ပိုပြီးလှပ အဆင်ပြေစေချင်တာ
မိခင်တိုင်းရဲ့ မေတ္တာပါ❣️။
သားသမီးတွေကို ပညာတတ်ဖြစ်စေရုံမက
အဆိုးအကောင်း အကျိုးအကြောင်းကို
ခွဲခြားသိစေချင်တာ မိခင်တိုင်းရဲ့ ဆန္ဒပါနော်
သမီးလေးနဲ့ သားကို
လူအများအားကျချစ်ခင်ရတဲ့
လူတော် လူကောင်းတွေဖြစ်စေချင်တယ်
ဘယ်သူ့အပေါ်ကိုမှ မမှီခိုပဲ
ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်တဲ့
ထက်မြက်တဲ့ သူလေးတွေ ဖြစ်စေချင်တာ မိခင်တိုင်းရဲ့ အိမ်မက်ပါပဲ ❤❤
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh
Post a Comment