" ကိုယ့်ကိုယ်ကိုယ်ရော
စိတ်တိုင်းကျဖြစ်ရဲ့လားပြန်စဉ်းစားပါနော် ... "
" သူများကို အပြစ်တွေ
မြင်မိတဲ့အခါ ...
ကိုယ့်ကိုယ်ကိုယ်ရော
အပြစ်တွေနဲ့ လွတ်ကင်းတဲ့သူဟုတ်ရဲ့လား
ပြန်စဉ်းစားပါ နော်"
" တခါတရံမှာ
ကိုယ့်ကိုယ်နဲ့ကိုယ်တောင်
ထိန်းမနိုင်သိမ်းမနိုင်
ထိမိခိုက်မိရှိတတ်တယ်မလား ..."
" တခါတရံမှာဆို
ကိုယ့်ပါးစပ်နဲ့ကိုယ်လည်း နားငြီး "
" ကိုယ့်လျှာနဲ့ ကိုယ့်သွားတောင်အလိုက်အထိုက်မရှိလို့ ကိုက်မိတတ်ကြသေးတာဘဲမလား "
" တခါတရံ
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်လည်းမကပ်ပဲ
လုပ်မိလုပ်ရာတွေလုပ်မိတတ်တယ်မလား ... "
အဲ့လို့ ...
သူလိုကိုယ်လို လူလူချင်း ထူးခြားမနား
ဖြစ်လေ့ဖြစ်ထကိစ္စတွေကိုများ
လိုက်လိုက်ခံစား အပြစ်တင် ဗျာများနေရင်း
တစ်ရက်တစ်ရက်အချိန်အကုန်ခံသွားတော့မယ်ဆိုရင် ...
" ကိုယ့်ကိုယ်ကိုယ် လူဖြစ်ရှုံးလှချေလား " လို့
အသိတရားမြန်မြန်ရလိုက်ပါနော် ...
သူတစ်ပါးရဲ့ အလွဲတွေဘဲဖြစ်ဖြစ်
ကိုယ့်ဘဝရဲ့အလွဲတွေဘဲဖြစ်ဖြစ်
အတတ်နိုင်ဆုံးကတော့ ...
ရယ်မောခြင်းနဲ့ဘဲအဆုံးသတ်ပြစ်လိုက်ပါနော် ..
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh
Post a Comment