သင့်အပေါ် သူမကောင်းတဲ့အခါ ပြုံးပြလိုက်ပါ
ရိုင်းစိုင်းပြောဆိုတဲ့အခါ မေတ္တာထားလိုက်ပါ
ဒီလောကကြီးမှာ မေတ္တာသည်သာ အောင်နိုင်ရာမဟုတ်လားရှင်
ကိုယ်ကောင်းနေပါလျက်နဲ့ သူမကောင်းတဲ့အခါ
ခံပြင်း ဒေါသထွက်ခြင်းထက် သူ့အပေါ်
ကိုယ့်ရဲ့မေတ္တာတွေ မပျက်အောင်သာနေလိုက်ပါနော်
အကောင်းဆုံးလုပ်နေပါလျက်နဲ့
အသိအမှတ်ပြုမခံရတဲ့အခါ
စိတ်သက်သာရာအနေနဲ့သာ ဖြေသိမ့်လိုက်ပါနော်
တစ်ခါတစ်လေ ကြိုးစားတိုင်းလည်း
အရာမထင်တဲ့အရာတွေရှိတတ်တယ်မလားရှင်
ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ့်ဘက်က အကောင်းဆုံးတွေပဲပေးလိုက်ပါနော်
အချိန်တန်ရင် ကိုယ့်စေတနာ
ကိုယ့်ကြိုးစားမှု ရလဒ်တွေဟာ
အရာထင်လာမှာမလို့ အရာရာတိုင်းကို
မေတ္တာနဲ့သာ အနိုင်ယူပါနော်😍😘
အမြဲဂရုစိုက်ပေးနေတဲ့ /
lady moh

Post a Comment