'' ချစ်ခြင်းမေတ္တာမိသားစုကမ္ဘာ "

မို့အတွက် မိသားစု ဆိုတာကလေ 
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း၊
အောင်မြင်ခြင်း နှင့် ကျရှုံးခြင်း‌ တွေကို 
အတူတကွမျှဝေခံစားပြီး 
နေထိုင်ရတဲ့အသိုက်အမြုံလေးလို့ 
မို့ကတော့ သတ်မှတ်ထားပါတယ်ရှင်.....


မို့ ကတော့ ဘယ်လောက်အလုပ်တွေများများ
မိသားစုအတွက် သီးသန့်အချိန်လေးတခု 
ဖယ်ပေးထားဖြစ်တယ်။

မို့ရဲ့ သား နဲ့ သမီး တို့ကို ညတိုင်းအချိန်ပေး 
စကားပြောပြီးတော့သူတို့လေး‌တွေရဲ့ 
တနေ့တာတွေ့ကြုံခဲ့တာလေးတွေ
ပြောပြတာကို နားထောင်ရင်း
မို့ ဆုံးမချင်တာလေး‌တွေကိုလည်း 
နားဝင်အောင်ပြောပြရတာပေါ့နော်။

 မို့ ရဲ့ အမျိုးသား အတွက်ဆိုလည်း 
သူ တနေ့တာ ပင်ပန်းလာသမျှတွေကို 
ဖွင့်ဟပြောဖို့အတွက်အချိန်ပေးပြီး 
သူနဲ့အတူ ကောင်းခြင်းဆိုးခြင်းတွေကို
မျှဝေခံစားပေးရင်းနဲ့ ရှေ့ဆက်ရမယ့် 
နေ့ရက်တွေအတွက် အားပေးကူညီရင်း
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာလေးကို 
တည်ဆောက်ထားပါတယ်ရှင့်။

ချစ်ရတဲ့သူတွေအတွက် မို့ ခံယူထားတဲ့ 
"မိသားစု" ရဲ့ အဓိပ္ပါယ်လေးကို 
မျှဝေပေးလိုက်ပါတယ်နော်......

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady Moh

Post a Comment

Previous Post Next Post