လူတိုင်း အဆင်ပြေတယ်ရယ်လို့တော့
ဘယ်ဟုတ်ပါ့မလဲနော်...။
သူတို့အတိုင်းအတာ နဲ့ သူတို့
ရုန်းကန်နေကြရတာချည်းပါပဲလေ...။
သူဌေးကိုကြည့်ပြီး
ဆင်းရဲသားက အားကျနေလို့မရဘူးပေါ့။
ပညာတတ်ကိုကြည့်ပြီး
စာမတတ်သူက ငေးမောနေလို့မရဘူးလေ။
အချိန်တွေကုန်တယ်...
ကိုယ့်ဘဝ ကိုယ့်အတိုင်းအတာနဲ့ကိုယ်
ကြိုးစားရုန်းကန်နေထိုင်ကြရဦးမယ်။
ကြိုးစားအားထုတ်မှုမပါဘဲ အားကျနေရုံနဲ့တော့ အောင်မြင်မှု မရနိုင်လို့...
ဘယ်ဘဝတွေကို မှ လိုတာထက်ပိုပြီး
အားကျမနေပါနဲ့နော်
လူတိုင်းဟာ ကံစေရာအလိုကျ
သူ့ဘဝ နဲ့ သူ လာတာမို့...
ဆိုးဆိုး ကောင်းကောင်း
ကိုယ့်ဘဝ
ကိုယ့်ဖြစ်တည်မှုလေးကို ချစ်ပါနော် "
💛💛💛💛💛💛💛💛💛💛
(မို့ချစ်ခင်ရတဲ့သူတွေအားလုံး
ဒီစာစုလေးကိုဖတ်ပြီးတဲ့နောက်
ပိုမိုအောင်မြင်မှုများစွာ နဲ့ ကိုယ့်ဖြစ်တည်မှုလေးကို ပိုချစ်နိုင်ကြပါစေနော် )
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady Moh
Post a Comment