ကိုယ် ဘာဘဲလုပ်နေနေ
အသိပေးချင်တာကလည်း
ချစ်ခြင်း မေတ္တာပါဘဲကွယ်…💗💗💗
အသိမပေးဘဲ လုပ်ရင်
ကိုယ့်စိတ်ထဲမှာ သူ့အပေါ်
လိပ်ပြာမလုံသလို ခံစားရတတ်လို့
ဘာလေးဖြစ်ဖြစ် အသိပေးပြီးမှ
လုပ်တတ်တာ
ကြာလာတော့
အကျင့်တစ်ခုလိုကို
ဖြစ်သွားတာပါဘဲလေ😊😊😊
ဆန်ပေးရင် ဆီရသလို
ကောင်းတဲ့ အကျင့်လေး
ကိုယ်ကစပေးတော့
သူ့ဆီကလည်း သူဘာဘဲလုပ်လုပ်
ကိုယ့်ကို အသိပေးလာတဲ့အခါ
ကျေနပ်ပီတိ ဖြစ်ရတာ
ခွန်အားတွေ ရသလိုပါဘဲရှင်…💪💪💪
ကိုယ်ဘာဘဲ လုပ်နေနေ
အသိပေးခြင်းအားဖြင့်
သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို
တဖက်လူ ခံစားနားလည်
သဘောပေါက် နိင်ကြပါစေလို့
ဆုတောင်း မျှဝေ ပေးလိုက်ပါတယ်နော်
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady Moh 😘😘

Post a Comment