“ စွန့်လွှတ်လိုက်ပါ “

လူတိုင်းမှာ အကြောင်းအမျိုးမျိုး နဲ့ 
မစွန့်လွတ်နိုင်တဲ့အရာတွေ ရှိတတ်ကြတယ် 


မကောင်းမှန်းသိရက်နဲ့ စွန့်လွှတ်ဖို့ 
ခက်ခဲနေတာတွေလည်းရှိကြပြန်တယ် 
ကောင်းတဲ့အရာဖြစ်ပေမယ့်လည်း
စွန့်လွှတ်ဖို့ခက်ခဲနေပြန်တယ် 

ဘာပဲဖြစ်ဖြစ်ပါနော်
စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီးရင်တော့ 
လုံးဝ အပြီးအပိုင် စွန့်လွှတ်လိုက်ပါနော်
အဲ့ဒီအခါ ... 

စွန့်လွှတ်ခြင်းရဲ့ အရသာကို ခံစားကြည့်ပါနော်
လွတ်လပ်ပေါ့ပါးခြင်း နဲ့ အတူ 
ဘဝသစ်တစ်ခု ရလိုက်သလို 
အရာရာအသစ်ပြန်ဖြစ် တစ်ကပြန်စလိုက်ပါနော်

အများအတွက်ပဲဖြစ်ဖြစ် ကိုယ့်အတွက်ပဲဖြစ်ဖြစ် 
လုံးဝမကောင်းတဲ့ အရာမှန်သမျှ 
လူပဲဖြစ်ဖြစ် အလုပ်ပဲ ဖြစ်ဖြစ် 
အမူအကျင့်စရိုက်ပဲ ဖြစ်ဖြစ် အချစ်ပဲဖြစ်ဖြစ် 
မကောင်းတာမှန်သမျှ စွန့်လွှတ်လိုက်ပါနော် ...။

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

Previous Post Next Post