မေမေ သို့မဟုတ် လမ်းပြပေးသူ

ကာလရက်ရှည် သန္ဓေတည်မှစလို့ ကိုးလလွယ် 
ဆယ်လဖွားခဲ့ပေးတဲ့ မေမေ 💗

နို့ချိုတိုက်ကြွေး ၊ သူ့သားသမီးတွေ ခြင်ယင်မကိုက်ဖို့ သူမအိပ်ရလည်းနေ သားသမီးတွေကို စောင့်ရှောက်ပေးခဲ့တဲ့ မေမေ 


လူလုံးလှ ၊ မျက်နှာမငယ်ရအောင် 
သွန်သင်ဆုံးမ လမ်းပြပေးခဲ့တဲ့ မေမေ 

လမင်းပမာအေးချမ်းစွာဖြင့် မေတ္တာများသာ 
ပေးစွမ်းခဲ့တဲ့ မေမေ 

လူ့လောကအလယ် ရဲရဲဝံ့ဝံ့လျှောက်လှမ်းဖို့ 
လမ်းပြပေးခဲ့တဲ့ မေမေ ❣️💗

အရမ်းချစ်တယ် မေမေ 

အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့ သမီးအနားမှာ 
အများကြီးနေပေးပါ မေမေ 

သမီးလည်း မေမေ့ကို လိုလေသေးမရှိအောင် 
လုပ်ကျွေးပြုစုပါရစေ မေမေ 

တရားထူးတရားမြတ်တွေကိုလည်း အားထုတ်နိုင်ပါစေနော် မေမေ ❣️❣️

မေမေ့ရဲ့သမီးလေးဖြစ်ရတာ 
သမီးအတွက်တော့ ဂုဏ်ယူမဆုံးပါဘူး မေမေ 💗

မှတ်ချက် ။ ဟီးဟီး နည်းနည်းတော့ နောက်ကျသွားတယ် မေမေ 

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

Previous Post Next Post