တူသောအကျိုးခံစားရဆိုတဲ့
စကားလေးကြားဖူးကြတယ်မဟုတ်လား
သူတစ်ပါးကို နစ်နာအောင်လား
လူတိုင်းလုပ်တတ်တယ်လေ
ဒါပေမယ့်
သူနစ်နာသွားတိုင်း ကိုယ်လည်းအသာရမသွားဘူးဆိုတာကို သိထားရမယ်
မောက်မာတာလား
လူတိုင်းလုပ်နိုင်တာပေါ့
ဒါပေမယ့်
ပြည့်တဲ့အိုးဆိုတာ ဘယ်တော့မှ
ဘောင်ဘင်မခတ်တတ်ဘူးလေ
ဝဋ်ဆိုတဲ့ရုံးမှာ ပိတ်ရက်လည်းမရှိသလို
အယူခံဝင်ခွင့်လည်းမရှိပါဘူး
တစ်နေ့မဟုတ်တစ်နေ့
တူသောအကျိုးပြန်ခံစားရမှာမလို့
လူတိုင်းကို စေတနာ မေတ္တာသန့်သန်နဲ့ကူညီပါ ဖေးမပါနော်
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment