ကိုယ်ရိုးသားခဲ့ပေမယ့် ကိုယ့်အပေါ် မရိုးသားပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ
လောကကြီးမှာ ကိုယ့်အပေါ် မကောင်းတဲ့သူတွေ
ရှိတယ်ဆိုတဲ့ အသိကိုပေးခဲ့လို့
အဆင်ပြေချိန် ချိုသာခဲ့ပြီး အဆင်မပြေချိန် ဖယ်ခွာခဲ့ကြတဲ့ မိတ်ဆွေတစ်ချို့ကို ကျေးဇူးတင်လိုက်ပါ
မိတ်ဆွေအစစ်နဲ့ အတုကို ခွဲခြားသိမြင်တတ်စေခဲ့လို့
အောင်မြင်ချိန် ဟန်ဆောင်ဂုဏ်ယူပြပြီး ကျရှုံးချိန် မျက်ဖုံးတွေကွာကျခဲ့ကြတဲ့ တစ်ချို့ လူတွေကို ကျေးဇူးတင်လိုက်ပါ
လက်ခုပ်တီးပေးကြပေမယ့် တကယ့်အစစ်အမှန်မဟုတ်ဘူးဆိုတာကို သိအောင်လုပ်ပေးခဲ့ကြလို့
ကိုယ့်အပေါ် ဘယ်လို ဟန်ဆောင် အပြစ်ပြောတဲ့ လူတွေနဲ့တွေ့ဆုံပါစေ ....
သူတို့က ကိုယ့်ကို လူ့လောကထဲ ပိုမို သန်မာပြီး လျှောက်လှမ်းနိုင်အောင် သင်ပြပေးခဲ့တယ်လို့ တွေးပြီး အမုန်းမပွားပဲ အပြုံးနဲ့သာ ကျေးဇူးတင်လိုက်ကြရအောင်လားနော် 💗
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh
Post a Comment