"အကောင်းဆုံးပဲကြိုးစားပါ"

မို့တို့တစ်တွေဟာ  ပင်လယ်လှိုင်းလုံးကြီးတွေကြားမှာ ရွက်လွှင့်နေရတဲ့သူတွေလိုပါပဲ 
ဘဝရဲ့အတက်အကျတွေကြားမှာ အမြဲတမ်းကြိုးစားရှင်သန်နေကြရမှာပါ 


ဘယ်သူမှတော့ ဘဝမှာအမြဲတမ်း အောင်မြင်နေနိုင်မှာမဟုတ်သလို အမြဲတမ်းလည်းကျရှုံးနေမှာမဟုတ်ပါဘူး
အောင်မြင်တိုင်းလည်း အောင်မြင်နေတာပဲဆိုပြီး အောက်ခြေမလွတ်သွားသင့်သလို 
ကျရှုံးတိုင်းလည်း ဝမ်းနည်းပူဆွေးပြီးမနေသင့်ပါဘူး 

အလုပ်တစ်ခုကိုမအောင်မြင်ခဲ့ရင်တောင် 
အကောင်းဆုံးလုပ်နိုင်ခဲ့ခြင်းဟာလည်း 
မို့တို့အတွက်ဆုလာဘ်တစ်ခုပါပဲ 
အနည်းဆုံးတော့မို့တို့တစ်တွေဟာ အမှားတွေကနေသင်ခန်းစာယူပြီး 
အကောင်းဆုံးပြန်ကြိုးစားလို့ရပါသေးတယ် 

ကျရှုံးသွားချိန်မှာ စိတ်ဓာတ်ကျမိမယ်ဆိုရင် 
မို့တို့တစ်တွေဟာ ဆက်ပြီး ရှုံးနိမ့်နေဦးမှာပါပဲရှင် 

ကိုယ်ဟာအကောင်းဆုံးကြိုးစားနေသ၍
အောင်မြင်မှုတွေရနိုင်ပါသေးတယ် 

အဲ့တာကြောင့် ဘယ်လောက်ပဲကျရှုံးနေပါစေ 
အားမလျှော့ပါနဲ့ စိတ်ဓာတ်မကျပါနဲ့ 
အမှားတွေကနေသင်ခန်းစာယူပြီး 
အကောင်းဆုံးကြိုးစားကြပါလို့ မို့ကတော့အကြံပေးချင်ပါတယ်ရှင့် 

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment

Previous Post Next Post