"အတိတ်ရဲ့ အရိပ်တွေ မထင်ကျန်စေလို"

မို့တို့ တစ်ဦးတစ်ယောက်စီတိုင်းမှာ အတိတ်ကိုယ်စီရှိကြပါတယ်၊ကောင်းခဲ့တဲ့အတိတ်တွေလည်းရှိမယ်၊ မကောင်းခဲ့တဲ့အတိတ်‌တွေဆိုတာလည်းရှိကြမှာဘဲလေ...


ဒီလို အတိတ်တွေဆိုတာ မို့တို့ ပြောင်းလဲလိုမရဘူး၊ မေ့ပစ်လိုက်ဖို့မလွယ်ဘူး၊ ပြင်ဆင်လို့လည်းမရဘူး၊ ဖျက်ပစ်လိုက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။

မို့တို့ လုပ်လို့ရတာက ဒီလိုအတိတ်တွေကနေ သင်ခန်းစာယူပြီး အလှပဆုံးရှင်သန်ကြဖို့ပါဘဲနော်...

ကောင်းခဲ့တဲ့အတိတ်တွေ အတွက် ကျေးဇူးတင်စကားဆိုပြီး၊ ဆိုးခဲ့တဲ့အတိတ်တွေ ကို သင်ခန်းစာထား စံနမူနာယူပြီး အတိတ်ဆိုးတွေထပ်မထင်ကျန်‌စေဖို့ မို့တို့ ကြိုးစားကြရမယ်။ 

‌ရှေ့ဆက်ရမယ့် အနာဂတ်ခရီးလမ်းမှာနောင်တကင်းကင်းနဲ့  ‌‌‌လျှောက်လှမ်းနိုင်ဖို့  မို့တို့အတူ အတိတ်ဆိုးတွေထဲက ရုန်းထွက်ကြရ‌အောင်နော်🥰

အမြဲဂရုစိုက်ပေးနေတဲ့/
Lady moh

Post a Comment

Previous Post Next Post