ဘဝမှာတစ်ချို့အရာတွေကို လက်လွှတ်လိုက်တာနဲ့
ကိုယ့်ဆီကို အဲ့ထက် ပိုကောင်းတဲ့ အရာတွေ ရောက်လာတတ်တယ်
တစ်ခါတစ်လေ အဆင်မပြေပေမယ့်
အော် တစ်ချိန်ကျတော့ အဆင်ပြေသွားမှာပါဆိုတဲ့ စိတ်ကလေးနဲ့ ဆုပ်ကိုင်ထားတတ်ကြတယ်
ဒါတွေဟာ အလုပ်အကိုင် အချစ်ရေး သူငယ်ချင်းတွေကြားမှာဖြစ်တတ်တယ်
ကိုယ်အစပြိုးခဲ့တဲ့ သံယောစဉ်တွေကြောင့်လည်း စွန့်လွှတ်ဖို့ စိတ်မပိုင်းဖြတ်ရဲတာမျိုး ဖြစ်တတ်တယ်
အဲ့ဒီအရာတွေကပဲ ကိုယ့်ကို ချုပ်နှောင်ပြီး မွန်းကြပ်မှုတွေပေးတတ်တယ် အရှေ့ကိုလည်းမတိုးရဲ အနောက်ကိုလည်း လှည့်မကြည့်ရဲတဲ့ အခြေအနေတွေကြောင့် စိတ်ပိုညစ်ရတယ်
ဒါ့ကြောင့် တစ်ချို့နေရာတွေမှာ လက်လွှတ်တတ်အောင်ကြိုးစားကာ စွန့်လွှတ်ကြည့်လိုက်ပါ
ကိုယ့်ဆီကို အဲ့ထက်ကောင်းတဲ့ အရာတွေ အများကြီးရောက်လာပါလိမ့်မယ်
အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

Post a Comment