ကိုယ့်ဒဏ်ရာကို လူတိုင်းကိုမပြပါနဲ့

ကမ္ဘာပေါ်မှာရှိကြတဲ့ လူတိုင်းက
ဒဏ်ရာကို ဆေးထည့်ပေးမယ့်သူကနည်းပြီး 
ဆားဖြူးမယ့် သူတွေများလွန်းလို့ပါ ....


လူတိုင်းကိုလည်း မရောပါနဲ့ 
ရောတိုင်းလည်းမကောင်းသလို တစ်ခါတစ်လေ 
ကိုယ်ဟာ သူတို့အတွက်ပေါသွားတတ်လို့ပါ 

စိတ်ညစ်တိုင်းလည်း ဖွင့်မပြောပါနဲ့ 
တစ်ချို့လူတွေက ကိုယ်ရှေ့မှာသာ ကြင်နာပြပြီး 
နောက်ကွယ်မှာ လှောင်ရယ်ဖို့များလို့ပါ ....

လူတိုင်းက ကိုယ့်လိုမဟုတ်လို့ 
တစ်ခါတစ်လေ အတုအယောင်ပေးသင့်တဲ့သူတွေကို စစ်မှန်တဲ့မေတ္တာ တရားတွေမ‌ပေးမိပါစေနဲ့ ....

အမြဲဂရုစိုက်ပေးနေတဲ့/
lady moh

Post a Comment

Previous Post Next Post