ဝတ္တရားဆိုတာထက် နှလုံးသားနဲ့ မျှဝေသူပါ 💗

ဝန်ထမ်းတွေဆိုတာ.💗...

မို့အတွက်ကတော့ ရင်နဲ့လွယ်မွေးထားတဲ့ သားသမီးနဲ့မခြားပါဘူး 

ခက်ခဲချိန် ရှုံးနိမ့်ချိန်မှာ တွဲလက်မဖြတ်တဲ့ မိတ်ဆွေကောင်း 


အောင်မြင်ချိန်မှာ ပျော်စရာတွေကိုမျှဝေပေးတဲ့ သူငယ်ချင်းကောင်းပါ 

သူတို့လေးတွေရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း အဆင်မပြေခြင်းဟာ 
မို့အတွက် ပူလောင်ရခြင်းပါ 

သူဌေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မောက်မာတဲ့ သူတွေကို မို့ငယ်ဘဝတုန်းက ကြုံခဲ့ရတာမလို့

တစ်နေ့ ငါသူဌေးဖြစ်ရင် ဝန်ထမ်းတွေကို ရိုင်းပင်းဖေးမပေးတဲ့ သူပဲ
ဖြစ်ချင်တဲ့ ဆန္ဒ  မို့မှာရှိခဲ့တယ် 

အဲ့တာကြောင့် ဘယ်အခြေအနေမှာမဆို သူတို့လေးတွေ အတွက် အမြဲတွေးဖြစ်တယ် 

သွားချိန် လာချိန် အဆင်ပြေရဲ့လား?
ပျော်နေလား ? ၀မ်းနည်းနေလား?ပေါ့ 

ဘယ်အထိမ်းအမှတ်နေ့မျိုးမဆို သူတို့လေးတွေအတွက် စားသောက်စရာတွေ မထပ်ရအောင် စီစဉ်ပေးဖြစ်တယ် 

မလိမ်မာတဲ့ကလေးတွေကို ဆုံးမသလို လိမ်မာတဲ့ ကလေးတွေကိုလည်း ဆုချပေးဖြစ်တယ် 

မို့ကလေးတွေ ပျော်ရွှင်နေခြင်းဟာ မို့အတွက်တော့ မလဲနိုင်တဲ့ ပိတိတွေမလို့ ဝတ္တရားဆိုတာထက် မို့ဟာ နှလုံးသားနဲ့ မျှဝေသူပါ 
ချစ်သော ကလေးတွေ 💗💗

အမြဲဂရုစိုက်ပေးနေတဲ့ 
lady moh

Post a Comment

Previous Post Next Post