အစုတ်ပေးတော့ အပုတ်ပဲရမယ် ။

ကိုယ်ပေးတဲ့အတိုင်း ကိုယ်ပဲပြန်ရတာပါ 

ကိုယ်က သူများကို အစုတ်ပဲပေးပြီး 
သူများဆီက အကောင်းတွေပြန်ရဖို့
 မမျှော်လင့်ပါနဲ့ 
 

သက်ရောက်မူတိုင်းမှာ 
တန်ပြန်သက်ရောက်မူရှိပါတယ် 

စိတ်ဓာတ်စုတ်ပဲ့နေရင် 
ဘယ်လိုမှပြင်လို့ရမှာမဟုတ်ပါဘူး 

စိတ်အစုတ်တွေထက် 
စိတ်အကောင်းတွေပဲမွေးပါ 

လူတွေကို ကူညီတဲ့အခါ
 စိတ်လိုလက်ရ ကူညီလိုက်ပါ

အကောင်းတွေပဲပေးပြီး 
အဆိုးတွေပဲ ပြန်ရတယ်ဆိုရင်တောင် 
စိတ်ထဲမထားပဲ စိတ်ကောင်းသာထားပါ 

တစ်ချိန်မဟုတ် တစ်ချိန် 
ကိုယ့်ရဲ့မေတ္တာဟာ ကိုယ့်ဆီကို ပြန်ရောက်လာမှာပါ 

အမြဲဂရုစိုက်ပေးနေတဲ့/
Lady moh

Post a Comment

Previous Post Next Post